Update

Wild Betta Imbellis

 

Wild Betta Imbellis 

Betta Imbellisလို့အများစုသိကြတဲ့ wild bettaတေကို peaceful Betta လို့လဲ ခေါ်ကြပီး အနီရောင်လခြမ်းပုံသဏ္ဌာန် အမြီးများကြောင့် Crescent Betta လို့လဲ ခေါ်ကြပါသေးတယ်။peaceful Betta လို့ ခေါ်တဲ့ အကြောင်းကတော့ တကောင်နဲ့တကောင်အသေအ‌ကြေ ကိုက်တဲ့ထိအရမ်းရန်လိုကြတာမျိုးမရှိပဲ အရွယ်ရောက်ပီးသားငါးအထီးတေလောက်ပဲ နယ်နမိတ်သတ်မှတ် ပီး ဗိုလ်လုကြတာမျိုးလောက်ပဲရှိတာကြောင့်ပါ။
ထိုင်းနိုင်ငံတောင်ပိုင်း၊အင်ဒိုနီးရှား၊မလေးရှားကျွန်းဆွယ် ကွာလာလမ်ပူ နဲ့ ဆူမတြားမြောက်ပိုင်း အရပ်တေမှာရှိတဲ့ စပါးစိုက်ခင်းတေ ရွံနွံအိုင်ငယ်လေးတေ သစ်ရွက်ခြောက်များကြွေကျထားတဲ့ ရေစေးဖြစ်နေတဲ့ ရေကန်တေ စမ်းချောင်း တေ မှာ သဘာဝအတိုင်းတွေ့ရမှာပဲဖြစ်ပါတယ်။
Wild Betta Imbellis ဆိုပီးလူသိများ မွေးမြူလာခြင်းအစကတော့ စက်ာပူနိုင်ငံက betta keeper တေက Malaysia ဘက်က wild caught imbellis တေကို စတင်မွေးမြူရာကတဆင့် လူသိများ နာမည်ကြီးလာတဲ့မျိုးစိတ်တခုဖြစ်ပါတယ်။
နေထိုင်ပုံကတော့ရိုးစင်းပါတယ် ရေသိပ်ရွေးတဲ့အမျိုးအစားမဟုတ်ပဲ အကြမ်းခံတဲ့ Betta splenden complex gp ထဲပါဝင်ပီး ထိန်းသိမ်းရလွယ်ကူတဲ့အမျိုးအစားဖြစ်ပါတယ်။
Ph lv 5.5 ကနေ 7 ထိ အနှစ်သက်ဆုံးလို့ဖော်ပြထားတဲ့အတွက် သာမန် Betta တေလိုပဲမွေးဖို့ မခက်ခဲပဲ မွေးမြူနိုင်ကြပါတယ်။
တစုံထဲမွေးမြူမယ်ဆိုရင်လဲ ရေဆယ်ဂါလံဆန့်တဲ့ tank လောက်ဆိုအသင့်တော်ဆုံးလို့ဖော်ပြထားပါတယ်။ကျနော့်အတွေ့အကြုံအရပြောရရင်တော့ ပုံမှန် တပေခွဲပတ်လည် ကန်မျိုး ဆိုအတော်လောက်ပါပဲ။ရေအမြင့်ကိုတော့ အဖုံး မရှိရင်အပြည့်မထည့်သင့်ပါဘူး imbellisတေဟာအရမ်းခုန်တဲ့ excellent jumper တေဖြစ်လို့ပါပဲ။ကန်အမြင့်ကိုလဲ ပိုမြင့်မြင့်လုပ်ထားဖို့လဲ မမေ့ကြနဲ့အုန်းနော်😁
Imbellis တေအရမ်းရောင်းကောင်းတဲ့ထဲမှာအဲ့အချက်လဲပါလို့ ခုန်မထွက်အောင်ဂရုစိုက်ကြဖို့ထပ်သတိပေးပရစေဗျာ။
ပုန်းခိုရတာကို နှစ်သက်ကြတဲ့အမျိုးအစားဖြစ်ပီး အလင်းရောင်အရမ်းပေးခြင်းကို မကြိုက်တဲ့အတွက် အိမ်မွေးသမားများအနေနဲ့ သစ်ဆွေးတုံးလို့သိကြတဲ့ drift wood လိုမျိုးတေ ဗန်ဒါရွက်ခြောက်လေးတေထည့်ပေးခြင်းဖြင့် ရေ ph level ထိန်းပီးသားဖြစ်သလို သူတို့အတွက် ပုန်းခိုဖို့လဲနေရာရစေပါတယ်။‌wild type တေရဲ့သဘာဝဖြစ်တဲ့ အလင်းသိပ်မကြိုက်တဲ့အမျိုးအစားဖြစ်တဲ့အတွက် ရေမျက်နှာပြင်မှာ ရေနှင်းဆီ တို့လို floating အပင်လေးတေ ထည့်ပေးခြင်းဖြင့် stable အဖြစ်မြန်စေမှာ ဖြစ်ပါတယ်။
Wild betta မျိုးရင်းတေထဲမှာအစိမ်းရောင်နဲ့အပြာရောင် ကာလာတောက်ပမှုနဲ့ stable အဖြစ်မြန်ကြပီး အနီရောင်တောက်ပတဲ့အမြီးကြောင့် ယနေ့အချိန်ထိလူကြိုက်များထင်ရှားလျက်ရှိတဲ့မျိုးစိတ်တခုလဲ ဖြစ်ပါတယ်။ နောက်ပိုင်းလူတေဖန်တီးထားတဲ့ wild hyb alien တေမှာတောင် Betta Imbellis တို့ရဲ့ သွေးနှောဖောက်ခဲ့တယ်လို့ကျနော် လေ့လာရပါတယ်။
သားဖောက်မယ်ဆိုလဲ bubblenester ဖြစ်တဲ့အတွက် အခြားသောbetta များအလားတူ သားဖောက်နိုင်ပီး သဘာဝဆန်ဆန်ကန်လေးနဲ့တစုံတွဲထားရင်တောင် သူတို့ဘာသာပေါက်နိုင်ပါတယ်။အထီးတေဟာသားထိန်းကောင်းသူများဖြစ်ပီး ဖောက်ဖို့အမရွေးရာမှာ အထီးပြတာနဲ့ ကန့်လန့်ဘေး စင်းအမဲတေ ဗိုက်မှာ ပေါ်လာတဲ့အချက်ကိုကြည့်ရွေးနိုင်ပါတယ်။
သားတင်နှုန်းသားပေါက်နှုန်းကတော့ ရာဂဏန်း ထိ ပေါက်နိုင်ပီး အရမ်းနုတဲ့မျိုးစိတ်မဟုတ်လို့ လဲသာမန်ဂရုစိုက်ရုံနဲ့ သားတင်နှုန်းများမယ့်မျိုးစိတ်ပါ
ကျနော် အရင်ကမွေးခဲ့ဖူးတဲ့ မလေးရှားက သဘာဝမျိုးရင်း Imbellis တေကတော့ wild caughtဖြစ်လို့ ပိုလဲခုန်ကြသလို ကာလာမှန်ဖို့ကအစ အစာကျွေးတာအဆုံး stable ဖြစ်ဖို့အတော်မွေးမြူရပါတယ်။
အခုလူတေ ပြန်သားဖောက်ထားတဲ့imbellis တေကတော့ မွေးမြူဖို့အသင့်တော်ဆုံးနဲ့ထိန်းသိမ်းဖို့လဲ အရမ်းမခက်တော့ပါဘူး။
အစာဆိုလဲ အစာရှင်ကိုအရမ်းနှစ်သက်ပါတယ် အာတီးမီးယားနဲ့ရေတီ လို livefood တေအဓိကထားကျွေးသင့်ပီး အစာ‌ခြောက်လဲစားတတ်အောင်ကျင့်ပေးထားသင့်ပါတယ်။
Betta Imbellis အကြောင်းခြုံပြောရရင်တော့ အစောပိုင်းထဲကပေါ်ပေါက်ခဲ့တဲ့ ဂန္ဓဝင်မြောက်ပီး တော်ဝင်ဆန်တဲ့ တောက်ပတဲ့ကာလာတေကြောင့်ရယ် ထိန်းသိမ်းသားဖောက်ရလွယ်တာရယ်ကြောင့် ယနေ့ထိwild Betta မျိုးစိတ် တေထဲမှာလူကြိုက်များလျက်ရှိပါတယ်။
Domestic Type Hmpk Line ထဲက Dragon လို့ အများစုသိကြတဲ့ လိုင်းနဲ့ အခြား အကြေးထူထဲတဲ့ metallic line တေရဲ့ ကနဦး မွေးထုတ်ပေးတဲ့ မျိုးစိတ် တခုလဲ ဖြစ်ပါတယ်။
နေထိုင်ပုံအခြားbetta တေနဲ့မတူပဲ အရိုင်းဆန်တဲ့ အလှတရားနဲ့ သူတို့ရဲ့သဘာဝ အမူအကျင့်တေ လေ့လာချင်ကြတဲ့ ဝါသနာရှင်တေအတွက် သာမက beginners Betta keeper တေအတွက်လဲ မွေးရမခက်လို့ ရွေးချယ်မွေးမြူလို့ရပါကြောင်း အကြံပြုရေးသားရင်း နိဂုံးချုပ်ပရစေဗျာ။
နောက်လဲစိတ်ပါရင်ပါသလို အခြားမျိုးစိတ်တေအကြောင်းလဲရေးပေးပါအုန်းမယ်ဗျ။လေ့လာလို့မကုန် အနုပညာဆန်တဲ့ Betta တေအကြောင်းဟာဆိုရင်ဖြင့်ပြောမကုန်ပါဘူးဗျ။🖤🖤🖤🖤🖤

Telegram link 🔗
https://t.me/burma_betta_farm

Translate #bettaburma
#burma_betta_farm
#wild_betta_imbellis 
See less



No comments

Copper Mahachaiensis

"Mahachaiensis တော့ Mahachaiensis ပဲ                                              ဒါမယ့် Copper "🤎 Wild T...